
အောက်တိုဘာ ၁၀
ဂျီနိုအာကိုအနိုင်ရရှိခဲ့သော ပြီးခဲ့သည့် စီးရီးအေပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးသည် အေစီမီလန်အတွက် ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ပြီးနောက် ၎င်းကို ပရိသတ်များက မန်ယူဂိုးသမား အိုနာနာထက် ပိုမိုကောင်းမွန်သည်ဟု ဝိုင်းဝန်းချီးကျူးနေကြောင်း သိရပါတယ်။
ဂျရူးဟာ ဂျီနိုအာကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဝင်ဖမ်းခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပွဲတွင် ထပ်ဆောင်းအချိန်ပို ၈ မိနစ်၌ ဂိုးသမားမိုက်ဂ်နန် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို လူစားလဲမှုမှာလည်း ငါးကြိမ်ပြည့်သွားခဲ့ပြီဖြစ်၍ အေစီမီလန်နည်းပြပီအိုလီသည် ဂျရူးကို ဂိုးဖမ်းရန် တာဝန်ပေးခဲ့ကာ ၎င်းကလည်း အံ့မခန်း ကာကွယ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့ကြောင့်လည်း ပရိသတ်များမှာ ဂျရူးကို ဝိုင်းဝန်းချီးကျူးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့က “ဂျရူးဟာအိုနာနာထက်ပိုကောင်းတယ်”ဟု ချီးကျူးခဲ့ကြောင်း သိရပါတယ်။
စီးရီးအေကလည်း ဒီတစ်ပတ်အတွက် အကောင်းဆုံးကစားသမား (၁၁) ယောက်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဂျရူးကို ဂိုးသမားအဖြစ် ထည့်သွင်းပြီး ဒီတစ်ပတ်ရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ဖော်ပြခဲ့ပါတယ်။