ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး ဘဝသံသရာတံတားအနီး ၆ ဘီးယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်

အောက်တိုဘာ ၈

      ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရှမ်းပြည် နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၅)နှင့် (၉၇/၆)ကြား၊ ဘဝသံသရာတံတားအနီးတွင် မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသော CANTAR အမျိုးအစား(အဖြူရောင်) ၆ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

      ထိုသို့ ချောက်အတွင်းသို့ မော်တော်ယာဥ် တစ်စီး ထိုးကျတိမ်းမှောက်ကြောင်း သတင်းအရ ဟဲဟိုးနယ်မြေမီးသတ်စခန်း၊ ရွှေညောင်နယ်မြေမီးသတ်စခန်းနှင့် အောင်ပန်းနယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့သည်။

       အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်းညပ်နေသည့် ယာဉ်မောင်း(မစိုးရိမ်ရ)အား အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီး ဟဲဟိုးမြို့ မြတ်စေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN