အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ငလျင် လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိဟုဆို

အောက်တိုဘာ ၈

       အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်၊ ဘတ်ဂျစ်၊ ဖာရာ စသည့်ပြည်နယ်များနှင့် ပတ် ဝန်းကျင် ဒေသများတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး ၁၅ ဦးခန့်သေဆုံးခဲ့ပြီး ၄၀ ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရ သည်။

       အဆိုပါ ငလျင်မှာ အောက်တိုဘာလ ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ (USGS) ၏ တိုင်းတာချက်အရာ ပြင်းအား ၆ ဒသမ ၃ အဆင့် ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ ဟာရတ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၅ ကီလိုမီတာအကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ ခြင်း လှုပ်ခတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN