ကချင်ပြည်နယ် မြစ်ဆုံမှာ အပန်းဖြေစခန်းတစ်ခု ဖော်ဆောင်နိုင်ရေးဆောင်ရွက်

အောက်တိုဘာ ၈

       လာမည့် ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်း ကထင်ကရနေရာဖြစ်သည့် မြစ်ဆုံ၌ အပန်းဖြေစခန်းတစ်ခု တည်ဆောက်မည်ဟု ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။


       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကချင်ပြည် နယ်၊ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေနှင့် နောင်တာလော ရေလယ်ကျွန်းအပန်းဖြေစခန်းကို တည်ဆောက်ခဲ့ပြီး မြစ်ဆုံအပန်းဖြေစခန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်မှာဖြစ်သည်ဟု သိရပါသည်။

       ခရီးသွားများအနေနှင့် လည်ပတ်စရာနေရာများကို ရောက်ရှိလာခဲ့လျှင် လည်ပတ်၊ ထမင်း စား ပြီးနောက် အမှတ်တရ ဓာတ်ပုံရိုက်ပြီး ပြန်ရစေမည့် အစီအစဉ်များသာရှိနေပြီး ယခုဖော်ဆောင်မည့် အပန်းဖြေစခန်းတွင် ခရီးသွားများအတွက် သိမှတ်စရာများ ပါဝင်သည့် ခရီးသွားလည်ပတ်စရာကောင်းသည့် နေရာကောင်းဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နားနေဆောင်များ၊ ပန်းခြံများနှင့် အမှတ်တရပွဲကျင်းပနိုင်သည့် နေရာများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါသည်။

#PAN