အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးမှုဖြစ်ပွား၊ အနည်းဆုံး ၁၄ ဦးသေဆုံး

အောက်တိုဘာ ၇

       အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
ရေကြီးမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြသည်။

       ဆစ်ကင်မ် ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်တစ်စင်းရေလျှံကာ မြစ်ကြောင်းတစ်လျှောက် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အိန္ဒိယ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ပြောကြားသည်။

        ရေကြီးရေလျှံမှုများကြောင့်ဖြစ်ပေါ်လာသည့် ရွှံ့နွံများပါဝင်သော ရေစီးကြောင်းများ၊ ရေနစ်မြုပ်နေသည့် အဆောက်အအုံများနှင့်လမ်းများပြိုကျသည့်နေရာများကို မှတ်တမ်းတင်ဗီဒီယိုများတွင် ကြည့်ရှုနိုင်သည်။

         ရေကြီးမှုအတွင်း အိမ်နှင့် ပိုင်ဆိုင်မှုပစ္စည်းများအားလုံး ရေစီးနှင့်အတူ မျောပါသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် လမ်းမများ ပျက်စီးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

        လက်ရှိတွင် တပ်မတော်သားများနှင့် ရဲတပ် ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးချုပ်မိုဒီက ရေဘေးသင့်ဒေသသို့ အကူအညီများပေးပို့သွားမည်ဟု ၎င်း၏အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

      မိုးရွာသွန်းမှုနှင့် ရေကြီးမှုများဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် သတိရှိစွာ နေထိုင်ကြရန် မိုးလေ ဝသ တာဝန်ရှိသူများက ပြည်သူများအား တိုက်တွန်းပြောကြားထားကြောင်း သိရသည်။

#PAN