ယခုဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုး မြင့်တက်လာ

အောက်တိုဘာ ၇

       ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း မြန်မာနယ်စပ်ကုန်သွယ်မှု တန်ဖိုးမြင့်တက်လာသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်များအရ သိရပါသည်။

       ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စက် တင်ဘာလ ၂၂ ရက်နေ့အထိ မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံကျော် တင်ပို့ထားသည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၇၁၀ ဒသမ ၃၁၄ သန်း တိုးတက်လာခြင်း ဖြစ်ပါသည်။

       မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံ၊ မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလီယံဖြင့် အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

        ထို့အပြင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန် သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅ သန်းနှင့် မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားခြင်း ဖြစ်ပါ သည်။

#PAN