ဘုတလင်မြို့နယ်၊ သမန်းတောကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF ၁ ဦးကို နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းအချို့နှင့်အတူ အသေဖမ်းဆီးမိ

အောက်တိုဘာ ၆

   စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ သမန်းတောကျေးရွာအနီးတွင် အကြမ်းဖက် သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏သတင်း ပေးပို့လာမှုကြောင့် နယ် မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် သွားရောက်ရှင်းလင်းရာ ၎င်း အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးပြီးနောက် ၎င်းတို့ ခိုအောင်းနေရာမှ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အမ်-၂၂ ကျည် ၅၅ တောင့်၊ အိုင်ကွန် ၁ လုံး၊ဟန်းဆက် ၁ လုံးတို့နှင့်အတူ အကြမ်းဖက် PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူလူထုများက မလိုလားမနှစ်သက်ကြဘဲ ယခင်က ကဲ့သို အေး ချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်လိုကြသဖြင့် အကြမ်း ဖက် PDF များ၏ လှုပ်ရှားမှု သတင်များကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့ခြင်းဖြင့် ပူး ပေါင်းကူညီဆောင်ရွက်လာကြကြောင်း သိရပါသည်။

#PAN