ဆော်ဒီရဲ့ ကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်

အောက်တိုဘာ ၅

      လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့ဖလားကို တိုက်ကြီးသုံးတိုက်က မတူညီတဲ့ နိုင်ငံခြောက်ခုမှာ ကျင်းပသွား မယ်လို့ သိရပါတယ်။ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ စပိန်၊ မော်ရိုကိုနဲ့ ပေါ် တူဂီနိုင်ငံတွေကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း ၄၈ သင်းနဲ့ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားရဲ့ အစောပိုင်းသုံးပွဲကို အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးနိုင်ငံတွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

       ကျန်ရှိတဲ့ပွဲစဉ်တွေကိုတော့  စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတို့က အိမ်ရှင်အဖြစ် ခွဲဝေကျင်းပသွားမယ်လို့ သိရပါတယ်။ ၁၉၃၀ ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ၂၀၃၀ ပြည့်နှစ်ပြိုင်ပွဲကို အခုလို ခမ်းခမ်းနားနာကျင်းပခြင်း ဖြစ်ပါတယ်။

      ဖီဖာ က အာရှနဲ့ အခြားတိုက်က နိုင်ငံတွေဟာ ၂၀၃၄ ခုနှစ်ပြိုင်ပွဲအတွက် အိမ်ရှင်ဖြစ်ခွင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကြောင့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်မျှော်လင့်နေတဲ့ ဆော်ဒီနိုင်ငံအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ‌ဆော်ဒီနိုင်ငံက ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်ရဖို့ မျှော် လင့်နေပါတယ်။

#PAN