မြန်မာတစ်နိုင်ငံလုံး အသက်ကြီးဆုံး အဘွားအဖြစ် အသက် ၁၂၃ နှစ်အရွယ် အဘွားဒေါ်ချောယဉ် ရွေးချယ်ခံခဲ့ရ

အောက်တိုဘာ ၅

       အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့အဖြစ် ကျင်းပ ပြုလုပ်ခဲ့သော အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် အသက် ၁၂၃ နှစ်အရွယ် အဘွား‌ ဒေါ်ချောယဉ် ကို ရွေးချယ်ခဲ့သည်ဟု သိရပါသည်။

       အဆိုပါ အခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အသက် ၁၂၃ နှစ်အရွယ်အဘွား ဒေါ်ချောယဉ် သည် မကွေးတိုင်းဒေသကြီး၊ မင်းကံကြီးရပ်ကွက်မှာ နေထိုင်လျက်ရှိပါသည်။

       ရွေးချယ်ခံရသူ အဘွားဒေါ်ချောယဉ် သည် မကွေးတိုင်းဒေသကြီး၊ ဖန်ခါးမြေ ဘိုးဘွားရိပ် သာ ဓမ္မာရုံ၌ အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့ အခမ်းအနားကို တက်ရောက် ကန်တော့ခံခဲ့ခြင်းဖြစ်ပြီး အဘွား ဒေါ်ချောယဥ် ကို မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အဘွား ဒေါ်ချောယဉ် ကို ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့ အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက ဂုဏ်ပြု ငွေကျပ် ၁၀ သိန်း ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါသည်။

#PAN