အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူ Facebook အကောင့်ပိုင်ရှင် ၈ ဦးကို ဖော်ထုတ်အရေးယူ

အောက်တိုဘာ ၅

       အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက် ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

         ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြု လုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင် ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

         ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် အသိ ပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက် ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ် ဆောင်ခဲ့သည့် “Htin Lin Thu” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အမရဌာနအနောက်ရပ်ကွက်နေ ထင်လင်းသူအား မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ ဥတ္တံတားကျေးရွာနေသူများဖြစ်ကြသည့် “Saw Yarzar Min” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ စောရာဇာမင်းအား မွန်းလွဲ ၁၂ နာရီခွဲ၊ “Chit Thu Paing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ချစ်သူပိုင်အား မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်နှင့် “Aung Min Htwe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အောင်မင်းထွေးအား မွန်းလွဲ ၁ နာရီခွဲတို့တွင်လည်းကောင်း၊ “Min Tun Myint Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနေ မင်းထွန်းမြတ်ကျော် (ခ)မင်းထွန်းမြတ်အောင်အား မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “T & T Korean Outlet Clothes” Facebook Page ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၅၀)ရပ်ကွက်နေ မေမြတ်သူအား မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ “Ye Myint Tun” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ခိုလမ်မြို့၊ အမှတ်(၁) ရပ်ကွက်နေ ရဲမြင့်ထွန်း(ခ)အာမင်းအား ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “Aye Ni Ni Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန် ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနေ အေးနီနီအောင် အား ည ၉ နာရီခွဲအချိန်တွင်လည်းကောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းအသီးသီး၌ တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှု ဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက် နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြု လုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒ ဖြန့်သူများအား ဆက်လက်ဖော် ထုတ်အရေး ယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ထားပါသည်။