ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၁,၀၀၀ နီးပါး ထပ်မံခေါ်ယူ

အောက်တိုဘာ ၃

        ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၁,၀၀၀ နီးပါး ထပ်မံခေါ်ယူသည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်ပါသည်။

       မြန်မာသံရုံး အနေနှင့် ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ အတွင်း ဂျပန်နိုင်ငံဘက်က ခေါ်ယူသည့် အလုပ်ကမ်းလှမ်းစာ ၃၁၄ ခုနှင့် ပတ်သက်သည့် အချက် အလက်များကို စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည်ဟု ဆိုသည်။

       အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တစ်ဆင့်  တိုကျိမြို့ရှိ မြန်မာသံရုံးထံ ပေးပို့လာသည့်  အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စီစစ်ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထား ပါသည်။

        ယခုလို စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာ ရွက်စာတမ်း အထောက်အထားများ စိစစ်ခဲ့သည်ဟု ဆိုပါသည်။ လက်ရှိ စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#PAN