သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာတွင်နေထိုင်သော ဗိုလ်ကြီး(ငြိမ်း) တစ်ဦးကို အကြမ်းဖက် PDF များက အကြောင်းမဲ့ သတ်ဖြတ်

အောက်တိုဘာ ၃

        ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန် ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ အုပ်စု၊ ကြာပန်းကျေးရွာတွင် နေထိုင်သူ ဦးဝင်းနောင်၊ ၅၄နှစ်၊ (ဘ)ဦးသိန်းမြင့်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ကရင်စုရပ်၊ ကြာပန်းကျေးရွာ သထုံမြို့နယ်နေသူကို စိစစ်ဆဲ အကြမ်ူဖက်သမား PDF အမျိုးသား ၃ ဦးက စိစစ်ဆဲ သေ နတ်ဖြင့် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ဦးဝင်းနောင် သည် နေအိမ်တွင် ဈေး ရောင်းနေစဉ် အရပ်(၅)ပေ၊ (၇)လက်မခန့်၊ အင်္ကျီ လက်ရှည် အနက်ရောင်၊ အားကစား ဘောင်းဘီတိုအနက်ရောင် ဝတ်ဆင်ထားသော စိစစ်ဆဲ အကြမ်း ဖက်သမား PDF ၃ ဦးက နံပါတ်မပါ အနီရောင်ဆိုင်ကယ်အား မောင်းနှင်ပြီး ဆိုင်ကယ် အနောက်မှ ကရင်လွယ်အိတ် အနီရောင် လွယ်ထားသော အမျိုးသား ၁ ဦးမှ နေအိမ်ဈေးဆိုင်အတွင်းသို့ ဝင်ရောက်၍ ၎င်းလွယ် ထားသော ကရင်လွယ်အိတ်အတွင်းမှ သေနတ်အတိုအား ထုတ်ကာ  ၃ ချက်ခန့် ပစ်ခတ်ပြီး ကြာပန်း-ဝီယော်သွား ခရိုင်ချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

       ထိုသို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းနောင် တွင် ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း ဖြစ်နေရာ နေအိမ်ဈေးဆိုင်အတွင်းတွင် သေဆုံးခဲ့ကြောင်း၊ နေအိမ်ဈေးဆိုင်အတွင်းမှ USA တံဆိပ်ပါ 9MM LUGER အမျိုးအစား ကျည်ခွံ ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးဝင်းနောင် သည်  အမှတ်(၁) တပ်မ တော်စစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အ​ငြိမ်းစားယူထားသူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သာမန်ပြည်သူတစ်ဦးအဖြစ် ရိုးသားစွာ စျေးရောင်းစာနေသူဖြစ်ပါသည်။

      အကြမ်းဖက် PDF များ သည် စစ်ဖက်ပစ် မှတ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိသဖြင့် ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏ မိသားစုများကိုပါ ပစ်မှတ်ထား၍ ယခုလို သတ် ဖြတ်နေခြင်း ဖြစ်သည်။