လသာမြို့နယ် အနော်ရထာလမ်းနှင့် (၁၇)လမ်းထိပ်ရှိ “ဖက်တီးမ” လမ်းဘေး ထမင်းကြော်ဆိုင်တွင် ထမင်း​​ကြော်စား​​နေသည့် အမျိုးသား တစ်ဦးကို အကြမ်းဖက် PDF သေနတ်ဖြင့် ပစ်ခတ်

အောက်တိုဘာ ၃

      ရန်ကုန်တိုင်း​ဒေသကြီး၊လသာမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ “ဖက်တီးမ” လမ်းဘေးထမင်းကြော်ဆိုင်တွင် ထမင်း​​ကြော်စား​​နေသည့် North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ဦးဉာဏ်လွင်အေး ၊ ၃၆နှစ်၊ (ဘ) ဦးမောင်မောင်လွင်၊ ရန်ကင်းမြို့နယ်​​နေသူကို ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ​အကြမ်းဖက် PDF တစ်ဦးက သေ နတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ  အနော်ရထာလမ်းဘေး ညပိုင်းဖွင့်လှစ် သည့် “ဖက်တီးမ” လမ်းဘေး ထမင်းကြော်ဆိုင်တွင်  ဦးဉာဏ်လွင်အေး နှင့် မနန်းဟွမ်မိုင် တာမွေမြို့နယ်​နေသူတို့ ၂ ဦးသည်  ထမင်း​​ကြော်စားနေစဉ် လွယ်အိတ်လွယ်ထားပြီး လမ်းလျှောက်လာသည့် အကြမ်းဖက် သမား PDF တစ်ဦး (စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

     အဆိုပါ​ သေနတ်​​ဖြင့် ပစ်ခတ်ခံရမှု့ကြောင့် ဦးဥာဏ်လွင်အေးသည် ဝဲနားထင် ဖောက်ဝင်ဒဏ် ရာ ၁ ချက် (စိုးရိမ်ရ) ထိမှန်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှ 9mm USA Luger ကျည်ခွံ ၃ ခု တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဉာဏ်လွင်အောင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

#PAN