အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF  လူပူးပေါင်းအဖွဲ့က စစ်ဘက်ပစ်မှတ်မဟုတ်သော အရပ်ဘက်ဌာနဆိုင်ရာရုံးများကို DroneBomb ဖြင့်ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၃

      ယမန်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က
အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်း အင်အား ၃၀ဦးခန့်သည် ​Drone ဖြင့် ဗုံး နှစ်လုံးကို ကရင်ပြည်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်သို့ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ချလိုက်သော ဗုံးတစ်လုံးသည် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်းရှိ ယခင်ဥပဒေရုံး ယခုဥပဒေအကြံပေးရုံး ‌ခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲပြီး အမိုးပျက်စီးခဲ့ကြောင်း၊ နောက်တစ်လုံးမှာ ၎င်းဝန်းအတွင်း မြေကွက်လပ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲမီုများကြောင့် လူထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များသည် စစ်အာဏာရှင်တော်လှန် ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာ ချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက် ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN