စီးရီးအေပြိုင်ပွဲသမိုင်းဝင်မှတ်တမ်းတစ်ခု ရရှိခဲ့တဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်ဇ်

အောက်တိုဘာ ၂

        ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်က ယှဉ် ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် (၇) ဆလာနီတာနာအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ  အင်တာမီလန်အသင်းအတွက် လော်တာရိုမာတီနက်ဇ် ဟာ တစ်ဦးသွင်းဂိုး ၄ ဂိုး သွင်းယူပေးခဲ့ပြီး  ပြိုင်ပွဲသမိုင်းတစ် လျှောက် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးစွမ်း ဆောင်နိုင်သူအဖြစ် မှတ် တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။

       အဆိုပါပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ ဒုတိယပိုင်းပြန်လည်စတင်ချိန်အထိ ဂိုးမရှိသရေကျနေပြီး ပွဲချိန် ၅၅ မိနစ်မှာ ဝါရင့်တောင်ပံကစား သမား အလက်ဆစ်ဆန်းချက်ဇ် အစား လော်တာရို မာတီနက်ဇ် ကို  ထည့်သွင်း ကစားခဲ့တာ ဖြစ်ပါတယ်။ လော်တာရိုမာတီနက်ဇ် က ပွဲချိန် ၆၂ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၇၇ မိနစ်၊ ၈၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီနှင့် ၈၉  မိနစ်တို့မှာ နောက်ထပ်ဂိုးများသွင်း ယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

      အဆိုပါ သွင်းဂိုးကြောင့် လော်တာရိုမာတီနက်ဇ် ဟာ ၁၉၉၄-၉၅ ရာသီမှ စတင်ပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်း စီးရီးအေပြိုင်ပွဲသမိုင်းမှာ လူစားဝင်ကစားပြီး ၄ ဂိုးသွင်းယူတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ် တမ်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN