အိန္ဒိယလယ်သမားတွေ ရထားလမ်းပိတ်ဆို့ဆန္ဒပြ

အောက်တိုဘာ ၂

       အိန္ဒိယမြောက်ပိုင်းက ခရိုင်ပေါင်းများစွာက လယ်သမားများသည် ရထားလမ်းများကို ပိတ်ဆို့ဆန္ဒထုတ်ဖော်နေကြပြီး လမ်းပိတ်ဆို့မှုကြောင့် ထောင်ပေါင်းများစွာသော ခရီးသည်များလည်း အခက်အခဲဖြစ်ပေါ်သည်ဟုသိရသည်။

       ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ကောက်ပဲသီးနှံများဆုံးရှုံးခဲ့ရသည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အကူအညီအထောက်အပံ့များ ရရှိရန်တောင်းဆိုနေကြောင်းသိရသည်။

       လယ်သမားများသည် အစိုးရကိုပေးရမည့် အစ်မတော်ကြေးများ လျှော်ပစ်ရေး ၎င်းတို့၏ လက်ကျန်ကောက်ပဲသီးနှံများအတွက် ကြမ်းခင်း ဈေးများ သတ်မှတ်ပေးနိုင်ရေးစသည့်အချက်များပါဝင်သည်။

       အိန္ဒိယလယ်သမားတွေသည် ၂၀၂၁ ခုနှစ်ကလည်းထိုကဲ့သို့ ရထားလမ်းများ၊ ဘူးတာရုံများတွင် ပိတ်ဆို့ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။

#PAN