အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦးအား အကြမ်းဖက် PDF (စစိစစ်ဆဲ) ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


အောက်တိုဘာ ၂

ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာနေ (ဘ)ဦးကျော်စိန် ၏သားဖြစ်သူ ဦးအောင်ဝင်း အသက် ၅၄ နှစ်အား အကြမ်းဖက် PDF (စိစစ်ဆဲ) ၂ ဦးမှ သေနတ်ဖြင့် ၂ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဖြစ်စဉ်တွင် သေဆုံးသူသည် အုတ်ဖိုမြို့သို့ စက်ဘီးဖြင့်သွားရောက်စဉ် ကျော်ပုံရွာနား ဆတ်သချောင်းတံတားပေါ် အရောက်တွင် အကြမ်းဖက် PDF (စိစစ်ဆဲ) ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ သေဆုံးသူ ဦးအောင်ဝင်းသည် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါသည်။
#PAN