မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင် ရာပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးဆွေးနွေး

စက်တင်ဘာ ၂၉

       အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင် စီ (IAEA) ၏ (၆၇) ကြိမ်မြောက်အထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီ မောင်မောင် နှင့်အတူ IAEA နည်းပညာပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသ ဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၂၈-၉-၂၀၂၃ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံလျက်၊ မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

       IAEA သည် ယင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ Nuclear Safety၊ Food and Agriculture၊ Water and the Environment၊ Industrial Applications နှင့် Health and Nutrition ကဏ္ဍများတွင် မြန်မာနိုင်ငံသို့ နည်းပညာအကူ အညီများ ပေးအပ်လျက်ရှိကြောင်း သိရှိရပါ သည်။

#PAN