အင်းယားမြိုင်လမ်း နေအိမ်မီးလောင်မှုတွင် အသက် ၉၀ ကျော် အဘွားအိုအပါအဝင် အမျိုး သမီး ၂ ဦးသေဆုံး

စက်တင်ဘာ ၂၉

        ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊အင်းယားမြိုင်လမ်းတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် နေအိမ်မီးလောင်မှုတွင် အသက် ၉၀ ကျော် အဘွားအိုတစ်ဦး အပါ အဝင် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

         ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုအား အနောက်ပိုင်းခရိုင် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်း၊လှိုင်မြို့ နယ် မီးသတ်စခန်း၊ အလုံမြို့နယ်မီးသတ်စခန်း၊ကမာရွတ်မြို့နယ် မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၃၃ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

       “အမျိုးသမီး ၂ ယောက်သေဆုံးသွားပါတယ်။ မီးခိုးမွှန်ပြီးသေဆုံးသွားတာပါ။ သက်ကြီးပိုင်း အမျိုး သမီးကြီး ၂ ယောက်ပါ။ မီးလောင်တော့ ကြောက်လန့်ပြီး ထွက်မပြေးနိုင်တာရယ်၊ အသက် ၉၀ အရွယ်လောက် အမေကြီးကို ကယ်ထုတ်ချင်ဇောနဲ့ကြောင့် ၂ ယောက်လုံးမီးခိုးမွှန်ပြီး သေဆုံးသွားတာပါ” ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

       ဖြစ်စဥ်မှ သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#PAN