စက်တင်ဘာ ၂၈
စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လှည်းဒါးကျေးရွာအနီးတွင် အကြမ်းဖက် PDF များ စခန်းချအခြေပြုနေကြောင်း ဒေသခံပြည်သူများက လျှို့ဝှက်သတင်းပေးပို့လာရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် PDF များမှာ ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် PDF များ ထွက်ပြေးသွားကြပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စခန်းအတွင်းရှင်းလင်းရာ စခန်းအတွင်း လူနေတဲ ၅ လုံး၊ ရိက္ခာဂိုဒေါင် ၁ လုံးတို့ကို တွေ့ရှိရကြောင်း၊ အဆိုပါတဲများအတွင်းမှ အကြမ်းဖက် PDF များ၏ လက်လုပ် ၄၀မမ ၃ လက်၊ လက်လုပ်သေနတ်(အရှည်) ၅ လက်၊ လက်လုပ်သေနတ်(အတို) ၁၈ လက်၊ ပြောက်ကျားဦးထုပ် ၉ လုံး၊ ဆန် ၃၄ အိတ်၊ ဘိလပ်မြေ ၁၇ အိတ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသတင်းရရှိပါသည်။
ယခုရက်ပိုင်းအတွင်း အေးချမ်းစွာနေလိုသော တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့မှုများနှင့်အတူ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များမှာလည်း ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။
#PAN