ဖားကန့်မြို့နယ် ၊ နန့်တိန်းကျေးရွာအနီး KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

စက်တင်ဘာ ၂၇

      ယမန်နေ့က ကချင်ပြည်နယ် ၊ ဖားကန့်မြို့ နယ်၊ နန့်တိန်းကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ KIA / PDF များနှင့် တပ်မ‌ တော် နယ်မြေရှင်းလင်းရေးစစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ထိတွေ့တိုက်ပွဲတွင် တပ်မတော်စစ် ကြောင်းက သတင်းအရ အကြမ်းဖက်သောင်း ကျန်းသူများ၏ အခြေပြုနေရာသို့ ဗျူဟာမြောက်ချဥ်းကပ်ပြီး အငိုက်ဖမ်းတိုက်ခိုက်မှုကြောင့် KIA, PDF အကြမ်း ဖက်သောင်းကျန်းသူများသည် ကစဥ်ကလျားဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြရကြောင်း သိရပါသည်။

        အဆိုပါ တိုက်ပွဲမှ အကြမ်းဖက်သောင်း ကျန်းသူ KIA,PDF  ၃ ဦးကို သေနတ် ၃ လက် ၊ ကျည်အိမ်  ၃ ခု ၊ကျည် ၄၀ တောင့် ၊ တရုတ်လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါ သည်။

        KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များ သည် ဒေသခံပြည်သူများအပေါ်  လက်နက်ပြ၍ ခြိမ်း ခြောက်၍ငွေတောင်းခံခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာ အနိုင်ပြုကျင့်မှုများကို နေရာအနှံရှိလာပြီး PDF အဖွဲ့များက KIA ဦးစီးခေါင်းဆောင်များကို ပျော်ပါးရန်အတွက် အမျိုးသမီးငယ်များ ရှာဖွေပေးနေရကြောင်း ကျယ်ကျယ်ပြန့်ပြန့်သတင်းများထွက်ပေါ်လာနေကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။

#PAN