ချယ်လ်ဆီးက ဒီရာသီမှာ ဆုဖလား တလုံးကို အပိုင်သိမ်းမယ်ဆိုတဲ့ ပိုချက်တီနို

စက်တင်ဘာ ၂၇
ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေထားရပင်မယ့် ဆုဖလား တလုံး ရယူနိုင်ဖို့ ဆုံးဖြတ်ထားကြောင်း အင်တာဗျူးမှာ ထုတ်ဖော်ပြေားကြားခဲ့ပါတယ်။ ၎င်းရဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲအပြီးမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
ချယ်လ်ဆီးအသင်းက ယနေ့ည မြန်မာစံတော်ချိန်(1:15 AM)နာရီမှာ ခါရာဘောင်း လိဂ်ဖလားရဲ့ ၃၂ အဆင့်ပွဲအဖြစ် ခြေစွမ်းကောင်းနေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်၌ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။