ရေဖြူမြို့နယ်၊ ဝါးဇွန်းတောကျေးရွာအနီး စခန်း ချ ခိုအောင်းနေသော အကြမ်းဖက်သမား PDF များကို သတင်းအရ တပ်မတော် စစ်ကြောင်းများက သွားရောက်ရှင်းလင်း၊လက်နက်ခဲယမ်းအချို့နှင့် အကြမ်းဖက်သုံး ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိ

စက်တင်ဘာ ၂၆

     တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝါးဇွန်းတောကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ စခန်းချ ခိုအောင်းနေကြောင်း ဒေသခံရွာသားများက လျှို့ဝှက် သတင်းပေးပို့လာသည့် အတွက် တပ်မတော် စစ်ကြောင်းများက သွား ရောက်ရှင်းလင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်း ဖက် PDF များ ကစဥ်ကလျား ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

        ထို့သို့ ရှင်းလင်းရာ အကြမ်းဖက်များခိုအောင်းရာ အခြေပြုစခန်တွင် လူနေတဲ ၁၆ လုံးနှင့် လေ့ကျင့်ရေးကွင်းတို့ကို တွေ့ရှိရပြီး ၎င်းတဲများအတွင်းမှ လက်လုပ်သေ နတ် ၁၀ လက်၊ ၉ လုံးကျည် ၃၉တောင့်၊ မိုင်းများ၊ကျည်ကာ အင်္ကျီနှင့်ယူနီဖောင်းများ၊ ချိန်းဆော၊ပရင်တာများ၊ ဆိုလာပြားများ၊ ဆန်ပုံး/ဆီပုံးများနှင့် အကြမ်းဖက်သုံး ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        ဒေသခံပြည်သူများသည် ယခင်အေးချမ်းစဥ်ကာလအတိုင်း နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်းရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့၊ နယ်မြေခံတပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်လာကြကြောင်း သိရပါသည်။