နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၂ ခုထပ်တိုး လုပ်ကိုင်ခွင့်ပြုခဲ့

စက်တင်ဘာ ၂၆

       ပြီးခဲ့သည့် သြဂုတ်လနှင့် ယခုစက်တင်ဘာ လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၂ ခုကို ထပ်တိုး၍လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါသည်။

      ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းသစ်များကို ပြီးခဲ့သည့် သြဂုတ်လက ၁၂ ခုနှင့် စက် တင်ဘာလအတွင်း ၁၀ ခု ထပ်တိုးလုပ်ကိုင်ခွင့်ပြုခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၄၈၀ ခန့် ရှိလာပြီဟု ဆိုပါသည်။

       ပြည်ပအလုပ်အကိုင်အေဂျင်စီလျှောက်ထားရာတွင် အာမခံငွေကျပ်သိန်း ၂၀၀ နှင့် အေဂျင်စီမန်နေဂျင်း၏ တစ်ဦး တည်းပိုင် ဘဏ်စာရင်းမှာ ငွေကျပ်သိန်း ၁,၀၀၀ ရှိကြောင်း သက်သေပြရန် အပါအဝင် လစဉ်လုပ်ငန်းဝင်ငွေရရှိမှု အခြေ အနေကိုပါ တင်ပြရမည်ဖြစ်ကြောင်း သိရပါ သည်။

        အလုပ်အကိုင်အေဂျင်စီတွေအနေနှင့် လုပ် ငန်းလိုင်စင်ရပြီးပါက နိုင်ငံအလိုက် နှစ်စဉ်အနည်းဆုံး ပို့ပေးရမည့် စာရင်းကို သတ်မှတ်ထားပြီး  ယင်းတို့မှာ ထိုင်းနိုင်ငံကို အရေအတွက် ၁၅၀ ဦး ၊ မလေးရှားနိုင်ငံကို ၄၀ ဦး၊ ဂျော်ဒန်နိုင်ငံကို ၂၅ ဦး၊ စင်္ကာပူ ၊ ယူအေအီး ၊ ကာတာ ၊ မကာအိုတို့ကို ၁၀ ဦးစီနှင့် ဂျပန်ကို ၆ ဦး ပို့ပေးသွားရန် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများကို အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားငည်ဟု သိရပါသည်။

#PAN