အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံများက မြန်မာ့သကြားဝယ်ယူဖို့ ထပ်မံကမ်းလှမ်းလာ

စက်တင်ဘာ ၂၆

         အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံများက မြန်မာ့သကြားဝယ်ယူရန် ထပ်မံကမ်းလှမ်းမှုများ လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။

        ယခုလအတွင်း ဗီယက်နမ်နိုင်ငံက သကြားတန်ချိန် ၁၀,၀၀၀ ဝယ်ယူရန် အမှာစာပေးပို့ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကပါ သကြားဝယ်ယူလိုကြောင်း ကမ်းလှမ်းလာခြင်း ဖြစ်ပါသည်။ ကမ္ဘာ့သကြားဈေးကွက်မှာ ယခင်က သကြား တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း သကြားလိုအပ်ချက်မြင့်မားလာခြင်းကြောင့် လက်ရှိ အမေရိကန်ဒေါ်လာ ၇၃၀ ထိ ဈေးမြင့်တက်လာခဲ့ပါသည်။

        ပြည်ပကကမ်းလှမ်းချက်များအတိုင်း မြန်မာ့သကြားတင်ပို့မယ်ဆိုပါက ပြည်တွင်းသကြားလိုအပ်ချက်ရှိလာနိုင်ပြီး ဈေးနှုန်းမြင့်တက်မှုများဖြစ်လာနိုင်ခြင်းကြောင့် ပိုလျှံသကြားများကိုသာ တင်ပို့မည်ဟု ဆိုပါသည်။

        မြန်မာနိုင်ငံတွင် သကြားထွက်ရှိမှုမှာ တစ်နှစ်ကို တန်ချိန် ငါးသိန်းခန့်ရှိပြီး ပြည်တွင်းစားသုံးမှုတန်ချိန်မှာ တစ်နှစ်လျှင် သုံးသိန်းခွဲမှ လေးသိန်းခွဲဝန်းထိရှိသည်ဟု သိရပါသည်။ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် သကြားများကို ဝယ်ယူရန် ကမ်း လှမ်းထားသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံစိုက်ရာသီချိန်တွင် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၉၀,၀၀၀ ဝန်းကျင်ထိ တင်ပို့မှု ရှိခဲ့ပါသည်။

#PAN