“Burkina Faso နိုင်ငံ၏ စစ်အာဏာရှင် များသည် ၎င်းတို့နိုင်ငံအတွင်း ပြင်သစ် မဂ္ဂဇင်း ပုံနှိပ် ထုတ်​ေနေမှုများက်ို ပိတ်သိမ်း ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၂၆

အနောက်အာဖရိကတိုက် နိုင်ငံတစ်နိုင်ငံဖြစ်သည့် Burkina Faso နိုင်ငံအစိုးရက ၎င်းတို့ နိုင်ငံအတွင်း ထုတ်ဝေမှုများပြုလုပ်နေသော ပြင်သစ် မဂ္ဂဇင်း ကို “နိုင်ငံတော်အတွက် သစ္စာမရှိသော” ဆောင်းပါးများ ရေးသားဖော်ပြခဲ့မှုများဖြင့် ပတ်သက်ပြီး ပိတ်သိမ်း ဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။

Burkina Faso နိုင်ငံ၏ စစ်အာဏာရှင် များသည် ၎င်းတို့နိုင်ငံအတွင်း တင်းမာမှုများ နှင့် မကျေနပ်မှုများကို ဖော်ပြနေသော Burkina Faso နိုင်ငံအပေါ် သစ္စာမရှိသော ဆောင်းပါး များ ကို နိုင်ငံအတွင်း ထုတ်ဝေမှုအတွက် ပြင်သစ်သတင်းမဂ္ဂဇင်း Jeune Afrique ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၅ရက်နေ့ တနင်္လာနေ့တွင် ဆိုင်းငံ့လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ထို့နောက် Jeune Afrique မဂ္ဂဇင်း ၏ ဆိုင်းငံ့မှုသည် Burkina Faso စစ်အစိုးရက ပြင်သစ်မီဒီယာများကို ဖြိုခွင်းမှုတွင် နောက်ဆုံး တိုးမြင့်မှုတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၄ ရက် အတွင်း ထုတ်ဝေခဲ့သည့် Jeune Afrique မဂ္ဂဇင်း ဆောင်းပါးနှစ်ပုဒ် အပြီးတွင် နိုင်ငံတွင်း ပရမ်းပတာ ဖြစ်ပွားမှုများ ပျံ့နှံ့လာစေရန် အတွက် သတင်းအချက် အလက်များ ဖြန့်ကျက်ရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားထားပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *