အေဂျက်ဇ်နဲ့ ဖီယင်နုတို့ပွဲစဉ် တံခါးပိတ်ကျင်းပမည်

စက်တင်ဘာ ၂၆
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဟော်လန်လိဂ်ပွဲစဉ်မှာ ဖီယင်နုအသင်းက အိမ်ရှင် အေဂျက်ဇ်ကို ၃ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ အေဂျက်ဇ်ပရိသတ်တွေက ကွင်းအတွင်းကို မီးရှူးမီးပန်းတွေ ပစ်ပေါက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ပွဲချိန် ၅၆ မိနစ်မှာ ရပ်နားခဲ့ရပြီး ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အေဂျက်ဇ်အသင်းဘက်ကတော့ ပရိသတ်တွေကို မထိန်းနိုင်ခဲ့တဲ့အပေါ် တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ဟော်လန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုလည်း ခံရတော့မှာဖြစ်ပါတယ်။
ပရိသတ်သောင်းကျန်မှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ အေဂျက်ဇ်အသင်းနဲ့ ဖီယင်နုအသင်းတို့ရဲ့ ပွဲကို စက်တင်ဘာ ၂၇ ရက်မှာ တံခါးပိတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။