ငါန်းဇွန်မြို့နယ်၊ပေါက်စိမ်းရွာထိပ်တွင် မြင်းခြံမြို့နယ်၊နဘူးအိုင်ကျေးရွာနေသူ သားအဖနှစ်ဦးကို အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်

စက်တင်ဘာ ၂၅

      ယနေ့ နံနက် ၈ နာရီ ၁၅မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊မြို့သာ-မြင်းခြံသွားကားလမ်းမပေါ် ပေါက်စိမ်းကျေးရွာ အုပ်စု၊ ပေါက်စိမ်းကျေးရွာထိပ်တွင် ဦးမောင်လှ(ခ) ဦးလှနီ၊၅၇ နှစ်၊(ဘ)ဦးတင်၊မုန့်တီလုပ်ငန်းလုပ်ကိုင်သူ၊ နဘူးအိုင်ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူနှင့် ဦးသိန်းဝေဦး၊ ၃၈နှစ်၊(ဘ)ဦးမောင်လှ၊ နဘူးအိုင်ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူတို့ သား အဖ ၂ ဦးကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ သားအဖ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား PDF ၁၀ဦးခန့်က လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်သွားပြီး အခင်းဖြစ်နေရာတွင် စိစစ်ဆဲ သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသားအဖမီာ သာမန်ပြည်သူများသာဖြစ်ကြပြီး အကြမ်း ဖက်သမားများက မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရှိရသေးကြောင်း သိရ သည်။

         ယင်းသတ်ဖြတ်မှု့နှင့် ပါတ်သက်၍ သက် ဆိုင်ရာနယ်မြေလုံခြုံရေးအဖွဲ့က လိုက်လံစုံစမ်း ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိပြီး လူသတ်တရားခံများ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN