“ချီလီနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ Andes တောင်တန်းကြီး၏ မီးတောင် ပေါက်ကွဲ လှုပ်ရှား မှု အန္တရာယ်မြင့်မား နေကြောင်း နှင့် မီးတောင် အနီး နေထိုင် ကြသူများအား ဘေးကင်းစေရန် သတိပေး လှုံ့ဆော်မှုများ ပြုလုပ်နေ”

စက်တင်ဘာ ၂၅

အမေရိကတိုက် တောင်ပိုင်းရှိ ချီလီ နိုင်ငံအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ Andes တောင်တန်း၏ မီးတောင်လှုပ်ရှား ပေါက်ကွဲမှု အန္တရာယ် မြင့်မား လာနေကြောင်း စက်တင်ဘာ ၂၄ရက်နေ့ က ကြေညာခဲ့တာဖြစ်ပါတယ်။

အဝါရောင်သတိပေးချက်များ ထွက်ပေါ်နေသည့် သည် Villarrica မီးတောင်ကို စောင့်ကြည့် ရန် နှင့် အဆိုပါ ဒေသတွင်းနေထိုင်သူများ ဘေးကင်းစေရန်အတွက် ဒေသ အာဏာပိုင်များက လှုံ့ဆော်ပေးမှု များပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့ တွင် ချီလီ အစိုးရ က ၎င်းတို့ နိုင်ငံအတွင်း အန္တရာယ် အရှိဆုံးလို့ ယူဆရသည့် Villarrica မီးတောင်ကြီးသည် ချီလီ နိုင်ငံ၏ ခရီးသွားလာမှု ဒေသများထဲမှ တစ်ခုဖြစ်သည့် Andes တောင်တန်းတွင် တည်ရှိနေပြီး သတိပေး ချက်အဆင့်များကို မြှင့်တင်ခဲ့ပြီးနောက် အဆိုပါ ဒေသဆိုင်ရာ အာဏာပိုင်များက အဝါရောင် အဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး မကြာသေးမီ ရက်ပိုင်းများအတွင်း အန္တရာယ် ပိုများလာနိုင်ကြောင်း လည်း ထုတ်ပြန်ကြေညာထားပါတယ်။

ချီလီနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၂၈၄၇ မီတာတွင် တည်ရှိနေသော Villarrica မီးတောင်သည် La Araucanía နှင့် Los Ríos ဒေသများကြားတွင် တည်ရှိနေတာ လည်းဖြစ်ပါတယ်။

ထို့နောက် Villarrica မီးတောင်သည် တောင်အမေရိကတိုက်တွင်ပေါက် ကွဲမှု အများဆုံး မီးတောင်ကြီးလည်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် ၎င်းမီးတောင်ကြီး၏ နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လည်းဖြစ်ပါတယ်။

အဆ်ိုပါ မီးတောင်ကြီး၏ အနီးတစ်ဝိုက်တွင် လူဦးရေ ၂၈,၅၂၃ ဦးထိ နေထိုင်နေကြပြီး မီးတောင်ကြီး၏ ၁၅ ကီလိုမီတာခန့် အကွာတွင် အပန်းဖြေစခန်းတစ်ခုလည်းရှိကြောင်း သတင်း ဌာန များကဖော် ပြပြော ဆ်ိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *