စက်တင်ဘာ ၂၂
မန်ယူအသင်းရဲ့ဂိုးသမား အိုနာနာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအရေးနိမ့်ခဲ့တာက မိမိကြောင့် ဖြစ်ကြောင်းနှင့် သူ့မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ပွဲအပြီးမှာ ပြော သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အင်တာမီလန် အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့တဲ့ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီက မန်ယူအသင်းကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းမှာ လက်စွမ်းပြသနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ပွဲတွေမှာလည်း သူ့ရဲ့ လက် စွမ်းကြောင့် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ အိုနာနာဟာ ရာသီအစ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားတဲ့ မန်ယူအသင်းဟာ ပေးဂိုး ၁၄ ဂိုးအထိ ခွင့်ပြု ထားရတယ်လို့ သိရပါတယ်။
#PAN