ကြို့ပင်ကောက်​မြို့နယ်တွင် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးကို အကြမ်းဖက်သမား PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၂၁

      ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်​မြို့နယ်၊မြို့ တွင်းကျေးရွာအထွက်၌ မြို့တွင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်စိုး၊၆၄ နှစ်၊ (ဘ)ဦးအောင်စိန် ကို အကြမ်း ဖက်သမား PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားကြောင်း သိရသည်။

       ဖြစ်စဥ်နှင့် ပတ်သက်ပြီး မျက်မြင်များ၏ ပြောပြ ချက်အရ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး သည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မြို့တွင်းကျေး ရွာမှ အလယ်ကုန်းကျေးရွာရှိ ၎င်းတို့ပိုင် စိုက်ပျိုးရေးဆေးဆိုင်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်လာခဲ့စဉ် မြို့တွင်းကျေးရွာအထွက် သာယာဝတီမြို့ဟောင်း ဆိုင်း ဘုတ်အနီးအရောက်၌ မျက်နှာချင်းဆိုင် အလယ်ကုန်းကျေးရွာဘက်မှ လူနှစ်ဦးလိုက်ပါ စီးနင်းမောင်းနှင်လာသော အနက်ရောင် ဆိုင်ကယ်ဖြင့် ဆိုင်ကယ်နောက်တွင်စီးနင်းလိုက်ပါ လာသည့် အမည်မသိ အကြမ်းဖက်သမား PDF က သေနတ်အတို(စိစစ်ဆဲ) ဖြင့် ၂ ချက်ခန့်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

        ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးကြည်စိုး တွင် ချက်၏အထက်ဝမ်းဗိုက်တွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိကာ ဆေးရုံသို့ ပို့ဆောင် ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

       ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက် သမား PDF များမှာ အနက်ရောင် မိုးကာအင်္ကျီများ ဝတ်ဆင်ထားကြောင်း၊ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သူမှာ ဆိုင်ကယ်စီးဦးထုပ် အနီရောင်အား ဆောင်းထားကြောင်း မျက်​မြင်၏ ပြောပြချက်အရသိရသည်။

#PAN