စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် ပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက်သမားများကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၀

       ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွာတုံကျေးရွာအနီး အကြမ်းဖက်သမား PDF များ ရောက်ရှိနေကြောင်း ဒေသခံရွာသားများ၏ သတင်းပေးချက်အရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

         အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သမား PDF ၂ ဦးကို လက်လုပ်စိန်ပြောင်း ၁ ခု၊ ယမ်းဘူး ၁ ဘူး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

          အလားတူ စစ်ကိုင်းမြို့နယ်၊ ဒေါင်းမကျေး ရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက် PDF ၁ ဦးကို လက်လုပ်သေ နတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၃ တောင့်တို့နှင့်အတူ အသေ ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN