တရုတ်နှင့် စစ်အေးတိုက်ပွဲအပေါ် အမေရိကန်သမ္မတက ငြင်းဆိုလိုက်သည့် သမိုင်းဝင် ဗီယက်နမ်စဥ်(နိုင်ငံတကာသတင်းဆောင်းပါး)

       အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် သမိုင်း ဝင်  သဘောတူညီချက်သစ်တစ်ရပ်အား
လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ နိုင်ငံတကာလွှမ်းမိုးမှုအား တားဆီးရန် ကြိုးပမ်းနေသည့် အပေါ် အမေရိကန်သမ္မတ Joe Biden က ငြင်းဆိုခဲ့ပါသည်။

       အမေရိကန်စစ်သားများ ဗီယက်နမ်နိုင်ငံက နောက်ဆုံးထွက်ခွာပြီး နှစ်ပေါင်း ၅၀ ကျော်ကြာမှ
ယခင်ရန်သူဟောင်းများနှင့် ပိုမိုနီးစပ်လာစေမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် Mr
Biden သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အမေရိကန်နိုင်ငံအတွက် အဓိကကျသော ဆက်ဆံရေးအဆင့်မြှင့်တင်မှုတစ်ခု ဖြစ်ပါသည်။ အာရှတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် အဓိကအချက်အဖြစ် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရန် လွန်ခဲ့သည့် ၂ နှစ်အတွင်း အမေရိကနနိုင်ငံ၏ သေးငယ်သည့် စွမ်းဆောင်ချက်မဟုတ်သည့် မဆုတ်မနစ်ကြိုးပမ်းမှု၏ အောင်မြင်ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံး သံတမန်ဆက်ဆံရေးအဆင့် ဖြစ်ပါသည်။

        အမေရိကန်နိုင်ငံ၏ ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံအား ချုပ်နှောင်ခြင်း (သို့မဟုတ်)
အထီးကျန်ခြင်း အတွက်မဟုတ်ဘဲ နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း Mr Biden က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် စစ်အေးခေတ် အချိန်ကာလနှင့်ပတ်သက်၍ အရမ်းစဉ်းစားခြင်းမဟုတ်ကြောင်း စီးပွားရေး တိုးတက်မှုနှင့် တည် ငြိမ်မှုကို ဖြစ်ပေါ်စေခြင်းသာဖြစ်ကြောင်း Mr Biden စက်တင်ဘာလ ၁၀ ရက် BBC သတင်းဌာန သတင်းထောက်များ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့ပါသည်။

       စီးပွားရေးအရ တရုတ်နိုင်ငံ၏ အောင်မြင်မှုအား မြင်တွေ့ချင်သော်လည်း စည်းမျဉ်းစည်း ကမ်းများအရ အောင်မြင်မှုကိုသာ မြင်တွေ့ ချင်ခြင်းဖြစ်ကြောင်း Mr Biden က ပြောကြားခဲ့ပါသည်။ ပိုမိုတိုးတက်လာသည့် ဆက်ဆံရေးလက္ခဏာများသည် တရုတ်နိုင်ငံအား ဒေါသထွက်စေပြီး အမေရိကန်နိုင်ငံ၏ စစ်အေးတိုက်ပွဲစိတ် ဓာတ်၏ သွင်ပြင်လက္ခဏာများဖြစ်ပါသည်။

      အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်သည်သင်္ကေတတစ်ခုမဟုတ်သည့် အရာတစ်ခုဖြစ် ကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် အဆိုပါအချက်အားစဉ်းစားခဲ့ကြောင်း စင်ကာပူနိုင်ငံရှိ ISEAS-
Yusof Ishak Institute မှ Le Hong Hiep က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏အိပ်မက်
ဗီယက်နမ်နိုင်ငံ၏အိမ်မက်သည် စိတ်ကူးတစ်ခုဖြစ်နိုင်သော်လည်း ပိုမိုနီးကပ်သော ဆက်ဆံရေး
များသည် ကောင်းမွန်သော စီးပွားရေးဆိုင်ရာ သဘောတူညီချက်များနှင့် တရုတ်နိုင်ငံအပေါ် မှီခိုမှု နည်းပါးခြင်းကို ဆိုလိုပါသည်။

        ဗီယက်နမ်နိုင်ငံတွင် ငယ်ရွယ်ပြီး ပညာတတ်လူငယ်အင်အားရှိခြင်းသည် အထူးသဖြင့် ဗီယက်နမ် နိုင်ငံရှိ တရုတ်ကုန်ထုတ်လုပ်မှုအခြေ စိုက်လုပ်ငန်းများအား ပြောင်းရွှေ့လာစေရန် ဆန္ဒရှိသည့် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများအား အလွန်ဆွဲဆောင်မှု ဖြစ်စေခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်း Dell၊ Google၊ Microsoft နှင့် Apple အပါအဝင် နာမည်ကြီး ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ထောက်ပံ့ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းအားလုံးကို ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။

        ဗီယက်နမ်နိုင်ငံသည် ရုရှားနိုင်ငံအား ဖြတ်ကျော်ရန် ကြိုးပမ်းနေချိန်တွင် ဗီယက်နမ်နိုင်ငံသည် လက် နက်နှင့် စစ်လက်နက်ပစ္စည်းများအတွက် အလား အလာရှိသော ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံက ယူဆထားပါသည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအား ကမ္ဘာ့ပေါင်းကူးပေးမည့် အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန်နှင့် ၎င်း၏ နည်းပညာကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးရန်စိတ်အားထက်သန်လျက်ရှိပါသည်။

        သို့သော်လည်း ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံအား ရွေးချယ်ခြင်းသည် ၎င်း၏မိတ်ဖက်အသစ်အဖြစ် မြင်တွေ့နိုင်မည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးလာသည်နှင့်အမျှ အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးသည် လက်တွေ့ ကျရုံမျှသာဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ၇ နှစ်နေထိုင်ခဲ့သဖြင့် အမေရိကန်၏အိပ်မက်အကြောင်း သိခဲ့ရပြီး ကျွန်တော့် အနေဖြင့် အဆိုပါအခွင့်အရေးအားရရှိခဲ့ခြင်းဖြစ်သော်လည်း ပိုမိုကြီးမားသည့် ဗီယက်နမ်နိုင်ငံ၏ အိပ်မက် တစ်ခုရှိကြောင်း Selex Motors ကုမ္ပ ဏီ၏ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ
Nguyen Huu Phuoc Nguyen က ပြောကြားခဲ့ပါသည်။

        Mr Nguyen သည် လွန်ခဲ့သည့် ၅ နှစ်တွင် လုပ်ငန်းကို စတင်ခဲ့ပြီး ယခု Grab Technology
company မှ Lazada Group E-commerce company သို့ ပို့ဆောင်ရေး လုပ်ငန်းကြီးများနှင့်
စာချုပ်များ ချုပ်ဆိုထားပါသည်။ Mr Nguyen သည် လျှပ်စစ်မီးမရသည့် ဗီယက်နမ်အလယ်ပိုင်းရှိ ရွာငယ်လေးတွင် ကြီးပြင်းခဲ့ပြီး ၎င်း၏သက် တမ်းတစ်လျှောက်တွင် သူ့နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှ အာရှတွင် အလျင်အမြန်ဆုံး  ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနိုင်ငံတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ ခဲ့ရပါသည်။

        အခွင့်အလမ်းများနှင့် အလားအလာများအား အပြည့်အဝအသုံးချနိုင်ရန်၊ သာယာဝပြောပြီး ရေရှည်တည်တံ့သည့် ဗီယက်နမ်နိုင်ငံအား တည်ဆောက်ရန် ပါဝင်ကူညီချင်ကြောင်း အခွင့် အလမ်းများ အများကြီးကို လက်လွတ်ဆုံးရှုံးခဲ့ရသော်လည်း ယခုမှန်ကန်သည့်အချိန်ဖြစ်ပြီး အဆို ပါ ကိစ္စရပ်များဖြစ်ပေါ်လာစေရန် ကျွန်တော်တို့သည် မှန်ကန်သည့် မျိုးဆက်များဖြစ်ကြောင်း Mr Nguyen ကပြောကြားခဲ့ပါသည်။

        မစ္စတာဘိုင်ဒင်သည် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအား ကာကွယ်ခြင်းဖြင့် မဟာဗျူဟာ
မြောက် အကျိုးစီးပွားကို တွန်းလှန်ရန် ဖိအားပေးခံရမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ ဗီယက်နမ်အစိုးရ ဝေဖန်သူများသည် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ထောင်ချခြင်းများ ကြုံတွေ့ ရပါသည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီသည် မီဒီယာအား ချုပ်ကိုင်ထားပြီး အစိုးရသည် ပုံနှိပ်နှင့် အသံလွှင့် ရုံအားလုံးကို ထိန်းချုပ်ထားပါသည်။

(Businessghana သတင်းဌာန၏ US denies Cold War with China in historic Vietnam visit ၏ သတင်းဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုပါသည်)

#PAN