မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ မလိုက်နာသည့် Money Changer ကုမ္ပဏီ ၁၂၃ ခုကို ဗဟိုဘဏ် လိုင်စင်ရုပ်သိမ်း

စက်တင်ဘာ ၂၀

      မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ် ပေးထားသည့် နိုင်ငံခြားသုံးငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုတို့သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအား လိုက်နာမှုမရှိသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အမှုဆောင်ကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော် မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်မှစ၍ ရုပ်သိမ်းလိုက်သည်။

       ယင်းကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် တစ်ဒေါ် လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်ခဲ့ရာမှ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃,၄၅၀ ဝန်းကျင်းသို့ ပြန်လည်ကျဆင်းခဲ့သည်။

#PAN