“ကမ္ဘာ့ အလုံခြုံဆုံး ဆိုက်ဘာ နည်းပညာများကို အသုံးပြုထားသည့် နိုင်ငံတကာ တရားရုံး ICC ၏ ကွန်ပျူတာကွန်ရက်များအား ဆိုင်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရ”

စက်တင်ဘာ ၂၀

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး International Criminal Court သည် ၎င်းတို့ ရုံးကြီး၏ ကွန်ပျူတာစနစ်များအား ဟက်ခံခဲ့ရကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက် အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ICC ၏ ပြောရေးဆိုခွင့်ရှိသူ က ၎င်းတို့၏ ကွန်ပျူတာကွန်ရက်များတွင် ပြီးခဲ့သည့် သီတင်းပတ်အချိန်မှစတင်ပြီး ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များကို တွေ့ရှိခဲ့ရကြောင်း တရားဝင်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ထို့နောက် ICC ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ရုံး၏ ကွန်ပျူတာများအား ဟက်ခ် ခံရခြင်းများပြုလုပ်မှုများ ကို အပြည့်အဝ ပြီးမြောက်အောင် လုပ်ဆောင်ခြင်းခံခဲ့ရကြောင်း နှင့် အဆိုပါ လုပ်ရပ်၏ နောက်ကွယ်တွင် မည်သူဖြစ်နိုင်သည်ဆိုသည်ကိုတော့ ICC၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

“ဒီဆိုက်ဘာတိုက်ခိုက်ခံရခြင်းဖြစ်ရပ်ကို တုံ့ပြန်ဖို့နဲ့ အလားတူ တိုက်ခိုက် မှုများ၏ သက်ရောက်မှုများ ကို လျှော့ချဖို့ မကြာခင်မှာ ခြေလှမ်းသစ်တွေ စတင် လှမ်းရတော့မှာပါ” လို့ ICC ၏ပြောရေးဆိုခွင့်ရှိသူက အတိုချုံး ပြီး ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်လို့ သတင်းဌာများကဖော်ပြပြောဆိုထားကြပါတယ်။