“ဗီယက်နမ် အစိုးရပိုင် ဝဘ်ဆိုက်တွင် ၎င်းတို့ အစိုးရ၏ တောင်းဆိုးချက်များအား အမေရိကန် သမ္မတ က အမြန်စဥ်းစားပေး သွားမည်ဖြစ် ကြောင်း ဖော်ပြပြောဆိုထား”

စက်တင်ဘာ ၂၀

ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ် Pham Minh Chinh က ၎င်း၏ တပတ်အကြာ အမေရိကန်နိုင်ငံ ခရီးစဥ်အပြီးတွင် အမေရိကန် – ဗီယက်နမ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ဆိုင်ရာများကို အရှိန်မြှင့်တင်မှုများပြုလုပ် ပြီးနောက် ဗီယက်နမ် နိုင်ငံ၏ စီးပွားရေးဆိုင်ရာများ ၊ နည်းပညာဆိုင်ရာ ဆက်ဆံမှုများက်ို အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကြရန် နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များကို တိုက်တွန်းခဲ့ပါတယ်။

မကြာသေးမှီက ပြုလုပ်ကျင်းပခဲ့သည့် ဗီယက်နမ်ဝန်ကြီးချုပ် ၏ အမေရိကန် ခရီးစဥ်အတွင်း ဝါရှင်တန် တွင် အမေရိကန် နိုင်ငံကုန်သွယ်ရေး ကိုယ်စားလှယ်တော်ကြီး Katherine Tai နှင့် တွေ့ဆုံခဲ့ကြရာတွင် Chinh က ဗီယက်နမ်နိုင်ငံအား စျေးကွက် စီးပွားရေး အခြေအနေများပိုမို ကောင်းမွန်လာစေရန် အမေရိကန် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပြီး အရှိန်မြှင့်တင်နိုင်ရန် ကြိုးစားခဲ့ကြကြောင်း ဗီယက်နမ်အစိုးရ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံ သမ္မတ Joe Biden ၏ ပြီးခဲ့သည့် သီတင်းပတ်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ သို့ သွားရောက် လည်ပတ်စဉ် အမေရိကန်နိုင်ငံကလည်း ဗီယက်နမ် အစိုးရ၏ တောင်းဆိုချက်ကို “အမြန်စဉ်းစားသွားမည်” လို့ လည်း အဆိုပါ ဗီယက်နမ် အစိုးရ ဝဘ်ဆိုက်တွင် ဖော်ပြထား ပါသေး တယ်လို့ သတင်းဌာနများက ယနေ့ စက်တင်ဘာ ၂၀ရက်နေ့ ကဖော်ပြပြော ဆိုထားကြပါတယ်။