အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ နည်းပြ အင်းနရစ် ပြော

စက်တင်ဘာ ၂၀
ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ အင်းနရစ်က သူ့အသင်းရဲ့ တိုက်စစ်မှူး အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ယနေ့နံနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်၏ဂျီ က ဒေါ့မွန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။
အင်းနရစ်က ” ကိုင်လီယန် အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ သူ့ကို အဝတ်လဲခန်းထဲမှာ ရှိရတာ ဝမ်းသာစရာပါ — သူက အမြဲတမ်း သူ့မျက်နှာပေါ်မှာ ပြုံးနေတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့် ရတဲ့အတွက် ပျော်ရွှင်မိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အမ်ဘာပေက ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၉ မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ အကောင်းဆုံးကြိုးစားပေးခဲ့ပြီး ညာနောက်ခံလူ ဟာခီမီက ၅၈ မိနစ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ကိုင်လီယန် အမ်ဘာပေဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၆၂ ပွဲမှာ ၄၁ ဂိုးသွင်းထားပါတယ်။