ရွှေကူမြို့နယ်၊ ရေလဲကျေးရွာအနီးတွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များရောက်ရှိနေကြောင်း ပြည်သူများက သတင်း ပေးလာသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်း

စက်တင်ဘာ ၁၉

      ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရေလဲကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များရောက်ရှိနေကြောင်း တာဝန်သိ ပြည်သူများက သတင်းပေးပို့လာသည့်အတွက် တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်း ချေမှုန်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သောင်းကျန်းသူများ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကြောင်း သိရသည်။

      ထိုသို ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အကြမ်း ဖက်သောင်းကျန်းသူများထံမှ KIA ထုတ် သေနတ် ၂ လက်၊ ကျည်အိမ် ၅ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ကျည် ၆၂ တောင့်တို့နှင့်အတူ KIA/ PDF အကြမ်းဖက် ၂ ဦးကို အသေဖမ်ဆီးရမိခဲ့ကြောင်း၊တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်း ရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုက ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့၊ နယ်မြေခံ တပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ လျှို့ ဝှက် သတင်းပေးပို့ခြင်းဖြင့် အကူအညီပေးလာကြကြောင်း သိရပါသည်။

#PAN