ဒီပဲယင်းမြို့နယ် လုံခြုံးရေးဂိတ် ကင်းချိန်းပြီးအပြန် ရဲတပ်သား၂ ဦး ချောင်းမြောင်းပစ်သတ်ခံရ

စက်တင်ဘာ ၁၆

      ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနောက်ဂိတ်မှ ရဲတပ်သား၂ ဦးသည် ကင်းချိန်းအပြန်တွင် အကြမ်းဖက်သမား PDF များက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

      အကြမ်းဖက်သမား PDF များက ထိုသို့ ချောင်း မြောင်းပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ရဲတပ်သား၂ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သော သေနတ် ၂ လက် ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

        အဆိုပါ ဒီပဲယင်းမြို့နယ်သည် မြို့ပေါ်အတွင်း ရပ်ကွက်များကို အကြမ်းဖက် PDF အဖွဲ့များ စိုးမိုးနေရာယူထားကြောင်း မြို့ပေါ် ရဲစခန်းနေရာအဝန်း အဝိုင်းနေရာလောက်တွင်သာ လုံခြုံမှုရှိနေကြောင်း ဒေသခံ၏ ပြောဆိုချက်အရသိရှ်ိရပါသည်။

#PAN