(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ( 20th AACC )သို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ပြန်လည်ထွက်ခွာ

စက်တင်ဘာ ၁၅

       မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး(20th AACC) သို့ တက်ရောက်ခဲ့သောနိုင်ငံများအနက် လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ ၁၄ ရက်နေ့ နေ့လယ်ပိုင်း တွင်လည်းကောင်း၊ ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း နေပြည်တော်လေဆိပ်မှ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ရာ တပ်မတော် (လေ)မှ အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် လိုက်လံ ပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN