“ရုရှား – မြောက်ကိုရီးယား နိုင်ငံတို့၏ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုအပေါ် မြောက်ကိုရီးယား နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များက စိုးရိမ်မှုများ မြင့်တတ်နေ”

စက်တင်ဘာ ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တွင် ရုရှား သမ္မတ ပူတင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ ၏ တွေ့ဆုံမှုအပေါ် မြောက်ကိုရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များက စိုးရိမ်မှုများမြင့်တတ်နေကြကြောင်း CNN သတင်းဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်နေ့ကဖော်ပြပြော ဆိုထားပါတယ်။

ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီး Kim Yun-ho က နှစ်နိုင်ငံ စစ်ရေးအရ သဘောတူညီချက် တစုံတရာ ချမှတ်ထားပုံရှိပြီး မြောက်ကိုရီးယား နိုင်ငံ၏ မြို့တော် ပြုံယမ်းမြို့ သို့ မကြာသေးမီက ရုရှား ကာကွယ်ရေးဝန်ကြီး Shoigu ၏ ခရီးစဉ်တွင် ခေါင်းဆောင် ကင်ဂျုံအန်း၏ မြောက်ကိုရီးယား စစ်လက်နက် တိုက် စက်ရုံများသို့ သွားရောက်မှုများ၊ ရုရှားနိုင်ငံသို့ ၎င်း၏ ခရီးစဉ်အတွင်း ထိပ်တန်း စစ်ဘက်အရာရှိများနှင့် မြောက်ကိုရီးယား၏ ဂြိုလ်တု ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန် မော်စကို(ရုရှား) ၏ ကမ်းလှမ်းချက်ကို ဖော်ပြပြောဆိုခဲ့ပါတယ်။

“စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်ဆိုင်ရာ သဘောတူညီချက်တွေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်မိပါတယ်” လို့ Kim Yun Ho က ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

ပြုံးယမ်း(မြောက်ကိုရီးယား) နှင့် မော်စကို(ရုရှား) တို့အား နှစ်နိုင်ငံအား “အထီးကျန်မှုများနှင့် နိုင်ငံတကာ ဆက်ဆံရေးများ ဆုတ်ယုတ်ကျဆင်းစေမည့်” တရားမ၀င်လုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန် ၎င်းက တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံအား တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က “၎င်းတို့၏နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုတွယ်ကပ်လာလေ ထံမှ ပိုမိုပြင်းထန်သော တုံ့ပြန်မှုကို မြောက်ကိုရီးယားက ရင်ဆိုင်ရမည်လို့ သတိပေးထားကြပြီးလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံ တို့အကြား စစ်ရေးလေ့ကျင့်မှုများ အနာဂတ်တွင် ဖြစ်လာနိုင်ချေရှိသော ကောလာဟလများကို ၎င်းတို့က အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chung Ha-kyu ကလည်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံကလည်း ​ မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား မည်သည့် လက်နက် သဘောတူညီချက်မဆို ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နိုင်လာကြောင်း တိုကျို(ဂျပန်)အစိုးရ က ပြောကြားခဲ့ပါတယ်။

တိုကျို(ဂျပန်) သည် ရုရှားဖက်ဒရေးရှင်းသို့ မြောက်ကိုရီးယား စစ်လက်နက်များ ထောက်ပံ့ မည်ကို စိုးရိမ်သဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သည် မြောက်ကိုရီးယားထံမှ ဒုံးကျည်များနှင့် ဒုံးကျည်များကို လက်ခံရရှိနေပြီးဖြစ်ကြောင်း တစ်လခွဲရှိနီးပါး ရှိခဲ့ပြီးဖြစ်ကြောင်း ယူကရိန်း ပင်မထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ၏ အကြီးအကဲ Budanov က ပြောကြား ခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။