(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (20th AACC ) သို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ လေ့လာရေးခရီးသွားရောက်

စက်တင်ဘာ ၁၅

     မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC )ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည် တော်)သို့ သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြ ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

        ဆက်လက်၍ မွန်းလွဲပိုင်းတွင် တပ်မတော်လေ ယာဉ်ဖြင့် ပြင်ဦးလွင်မြို့သို့သွားရောက်၍ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ လိပ်ပြာပြတိုက်နှင့် ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့တွင်း လှည့်လည်ကြည့်ရှုကာ The View Resort သို့ သွားရောက်၍ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

#PAN