စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့နယ်နှင့် မြောင်မြို့နယ်အတွင်း လူသတ်အကြမ်းဖက် PDF များထောင်ထားသောမိုင်း၊ သိုလှောင်ထားသော လက် နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၁၄

     ယမန်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အိုးဘိုကျေး ရွာအနီးတွင် အကြမ်းဖက် PDF များက မိုင်းများထောင်ထားကြောင်း တာဂန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ လက်လုပ်မိုင်း ၈ လုံး၊ ဝါယာကြိုး ၃ ခွေတို့အား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရပါသည်။

      အလားတူ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာရှိ ကျေးလက် ဆေးပေးခန်းတွင် အကြမ်းဖက် PDF များက လက်နက်ခဲယမ်းများ သိုလှောင်ထားကြောင်း သတင်းအရ နယ်မြေ လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်း လင်းခဲ့ရာလက်လုပ်ရှော့တိုက်စင် ၂ ခု၊ ၆၀ မမ လက်လုပ်စိန်ပြောင်း ၆ လက်၊ ၄၀ မမ လက်လုပ်သေနတ် ၆ လက်၊ လက်လုပ်သေနတ် ၄ လက်၊ ၆၀ မမ လက်လုပ်ဗုံးသီး ၁ လုံး၊ လက်လုပ်မိုင်း ၅၅ လုံး၊ ယမ်းမှုန့် ၁ အိတ်၊ ကန့်မှုန့် ၁ အိတ်၊တွင်ခုံ ၁ ခု၊ ကော့တက်ယမ်းကြိုး ၁ ချောင်း၊ အီကွေ့မန့် ၂ စုံ၊ ပြောက် ကျားယူနီဖောင်း ၃ စုံ၊ ၁၂ ဗို့ဘက္တရီ ၃ လုံး၊ ဒရုန်း ၁ စီး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN