“အမေရိကန်နိုင်ငံက ထိုင်ဝမ် သို့မဟုတ် အခြားနေရာများတွင် တရုတ်နိုင်ငံ၏ ရန်လိုမှုများကို ဟန့်တားနိုင်ရန် အမေရိကန် လေတပ်၏ စွမ်းဆောင်ရည်များကို သာလွန် အင်အားဖြစ်စေရန် ပြင်ဆင်မှုများ ပြုလုပ်သွား ဖွယ်ရှိနေ”

စက်တင်ဘာ ၁၄

အမေရိကန်နိုင်ငံ၏ လေတပ် အကြီးအကဲ အတွင်းရေးမှူး Frank Kendall က ၎င်းတို့နိုင်ငံ၏ လေတပ်တပ်ဖွဲ့ဝင်များအား အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန်နှင့် တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား လက်နက်ကိုင် အပြိုင်အဆိုင်များအတွက် ပြင်ဆင်ထားရန် အမေရိကန်အစိုးရကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန် လေတပ် အတွင်းရေးမှူးချုပ်၏ ကြေညာချက်ကို Fox News က ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်နေ့က ထုတ်ပြန်​ပြောကြား ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားကို ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း အထူးမဟာဗျူဟာများဖြင့် ထူထောင်ထားပြီးလည်းဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က မှတ်ချက်ပြုပြောကြား ခဲ့ပါတယ်လို့လည်းဖော်ပြပြောဆိုထားပါတယ်။

“ခေတ်မှီ စစ်ပွဲတွေအတွက် ကျနော်တို့ ပြင်ဆင်ထားရမယ်” ​​လို့ အမေရိကန် လေတပ်အတွင်းဝန်က လည်း ပြောကြားထားပါသေးတယ်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း တရုတ်ဟာ သူ့ရဲ့(တရုတ်) လက်နက်တွေကို လျင်မြန်စွာ တီထွင်ထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ သူတို့(တရုတ်) ဟာ အဓိကပြဿနာဖြစ်လာပါပြီ” လို့ Kendall က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

ထိုင်ဝမ် သို့မဟုတ် အခြားနေရာများတွင် တရုတ်နိုင်ငံ၏ ရန်လိုမှုများကို ဟန့်တားနိုင်ရန် အမေရိကန်လေတပ်၏ စွမ်းဆောင်နိုင်ရည် များမလုံလောက်ပါက စစ်ပွဲကြီး ဖြစ်ပွားနိုင်တယ်လို့လည်း အတွင်းရေးမှူးချုပ်က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။