“ဂျော်ဂျီယာနိုင်ငံအစိုးရ တရုတ် နိုင်ငံသားများ အတွက် ၎င်းတို့နိုင်ငံအတွင်းဝင်ခွင့် ဗီဇာကင်း လွတ်ခွင့် များပြုလုပ်ခဲ့”

စက်တင်ဘာ ၁၃

ဂျော်ဂျီယာနိုင်ငံက တရုတ်နိုင်ငံသားများ အတွက် နိုင်ငံဝင်ခွင့်အား ဗီဇာကင်းလွတ် ခရီးသွားခြင်းကို မိတ်ဆက်ပေးခဲ့ တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Garibashvili က ပြီးခဲ့သည့်စက်တင်ဘာ ၁၁ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၎င်းတို့နိုင်ငံ အစိုးရ အစည်းအဝေးတွင် ပြောကြားခဲ့သည်တာဖြစ်ပြီး “ကျနော်တို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အတွက် အဓိကစိတ်ဝင်စားမှုတစ်ခုမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများ စီးပွားရေး ဆက်ဆံရေးကို ခိုင်မာစေရေး နှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ခြင်းတို့အပါအဝင် ဂျော်ဂျီယာနိုင်ငံ သို့ ခရီးသွားအရေအတွက် တိုးလာစေရန်ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တရုတ် နိုင်ငံသားတွေအတွက် ဗီဇာကင်းစင်တဲ့ စနစ်ကို ကျင့်သုံးဖို့ ဒီနေ့ကစပြီး ဆုံးဖြတ်ထားပါတယ်” လို့ ဂျော်ဂျီယာ ၀န်ကြီးချုပ် Irakli Garibashvili က ပြောကြားခဲ့ တာဖြစ်ပါတယ်။