(မှုခင်း) နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ချပ်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား ၉,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး အိမ်ရှင်အမျိုးသားတစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပျော်ဘွယ်မြို့နယ်၊ ကျောက်ချပ်ကျေးရွာနေ ကျော်လွင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြသည်။
ရှာဖွေစစ်ဆေးမှုအတွင်း နေအိမ်၌ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၉,၄၀၀ ပြား၊ ဒေသကာလတန်ဖိုး ကျပ် ၁၈၈ သိန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ကျော်လွင်၊ အသက် ၆၄ နှစ်အား ရွှေညောင်ဖူးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN