ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

(မှုခင်း)အောက်တိုဘာ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဆိုင်ကယ်နှင့်ကားတိုက်မိပြီး လူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီအချိန်ခန့်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ မိုးကောင်းဖရဲသီးဆိုင်တန်းရှေ့၊ ရန်ကုန်-မော်လမြိုင်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးသီဟဦး(၄၂)နှစ် မှာ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ကြောင်းယာဉ်တိုက်မှုနှင့် ပတ်သတ်ပြီး သိမ်ဆိပ်ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Telegram – t.me/positiveanglenews

#PAN