နေပြည်တော်တွင် ခရီးသည်ယာဥ်မှ ဆိုင်ကယ်အား ဝင်တိုက်မှုဖြစ်ပွား

(မှုခင်း) ဇူလိုင် ၁၀

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ ကျွဲရှင်းရွာ ပျဥ်းမနားတောင်ညိုလမ်းပေါ်တွင် ခရီးသည်ယာဥ်မှ ဆိုင်ကယ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၃နာရီခွဲအချိန်က ပျဉ်းမနားတောင်ညို ကားလမ်း မိုင်တိူင် အမှတ် ၁၆/၁မိုင် နှင့် ၁၆/၂မိုင် ကြားတွင် (STAR မင်းဘူး မကွေး ရေနံချောင်း နေပြည်တော်) ခရီးသည် ယာဥ်လိုင်းမှယာဥ်မောင်း ကိုသူရဦး(၂၉)နှစ်၊ (ဘ)ဦးလှမျိုးအောင် ယာဥ်မောင်း၊ အောင်ဇေယျာ (၃)လမ်း၊ အောင်ဇေယျာရပ်ကွက်၊ မကွေးမြို့နေသူမောင်းနှင်လာသည့်ယာဥ်အမှတ် 5QM/…….. KING LONG အမျိုးစား အဖြူရောင်ယာဥ်သည် မင်းကုန်းကျေးရွာဘက်မှ ကျွဲရှင်းကျေးရွာဘက်သို့ တောင်မှမြောက်သို့ မောင်းနှင်လာစဥ် မျက်နာချင်းဆိုင်ဘက်မှ ယာဥ်မောင်း ကိုခိုင်လေး(၂၉)နှစ်၊(ဘ)ဦးမြအောင် မအူလေးပင်ရွာ၊ ဥတ္တရသီရိမြို့နယ်နေသူမောင်းနှင်လာသည့် LUOJA 110 ဆိုင်ကယ်မှာ ပျဥ်းမနားတောင်ညိုလမ်းအတိုင်း မင်းကုန်းကျေးရွာဘက်မှ ကျွဲရှင်းရွာဘက်သို့မောင်းနှင်လာပြီး လမ်းညာဘက်ရှိ ကျွဲရှင်းရွာအတွင်းသိူ့ ဖြတ်ဝင်လိုက်စဥ် ဆိုင်ကယ်၏ခါးလည်မှ ဖြတ်တိုက်မိခဲ့သည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုခိုင်လေးတွင် ယာဘက်လချေဖနှောင့် ကျိုးကြေ ပေါက်ပြဲ သွေးထွက် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းဒါဏ်ရာရရှိသူ ကိုခိုင်လေးအား သုခဒါန ပရဟိတလူမှုကူညီရေးအသင်းယာဥ်ဖြင့် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းထားရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN