
(ပြည်တွင်း) နေပြည်တော်
ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်မြောက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁နာရီ၂၀မိနစ်အချိန်က ပုဗ္ဗသီရိမြို့နယ်၊ရွာတော်မြောက်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၅)လုံးခန့် အိမ်အမိုး သွပ်များလှန်ခြင်း၊ ထရံများ ပျက်ကျခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူ၊ ကျွား/နွား/တိရတ္ဆန် များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် လဲကျသွားသော သစ်ပင်များအား ပုဗ္ဗသီရိမြို့နယ်မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူံခြုံရေးအဖွဲ့ဝင်များ၊ ရွာတော်ကျေးရွာအုပ်စုမှ ရွာသူ/ရွာသားများ(၃၀)ဦးခန့်တို့မှ ဝိုင်းဝန်းဖယ်ရှားရှင်းလျှက်ရှိကြောင်းသိရသည်။