
(ပြည်တွင်း) ဇူလိုင် ၃
မြန်မာနိုင်ငံသို့ တရားဝင် အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသော ဘီလာရုဇ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား ဂရီဂိုရီယေဗစ် လူကာရှန်ကိုနှင့် ၎င်း၏ ကိုယ် စားလှယ်အဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ မနေ့ညနေပိုင်းက နွေးထွေးစွာ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေးတို့အတွက် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသမ္မတက ယခုခရီးစဉ် သည် သမ္မတနှစ်ဦး မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး နှစ်ဦးအကြား ဆွေးနွေးပွဲပေါင်း ၅ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် မိမိအပေါ် ထားရှိသည့် ချစ်ကြည်ရေးနှင့် စေတနာမွန်ကို ထင် ဟပ်သဖြင့် အထူးတန်ဖိုးထားပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးနောက် မိမိအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အချိန်တွင် ဘီလာရုဇ်သမ္မတက ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည့်အတွက်လည်း အလှိုင်းလှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် ခေါင်းဆောင်နှစ်ဦး၏ ရင်းနှီးမှုမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေလိုကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
ဘီလာရုဇ်သမ္မတကလည်း သမ္မတနှစ်ဦးအကြား နက်ရှိုင်း သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရှိနေပြီး၊ ယခုအချိန်သည် နှစ်နိုင်ငံပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် လက်ရှိဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန်နှင့် ခြေလှမ်းသစ်တစ်ရပ် လှမ်းရမည့်အချိန် ရောက်ရှိပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
သမ္မတနှစ်ဦးသည် ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား မဟာ ဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေမည့် အစီအစဉ်များအပြင် အထူးသဖြင့် ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လုပ် ဆောင်မည့် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက်များ (Joint Action Plans 2026-28) အကောင်အထည် ဖော်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် အခြားအရေးကြီးသော ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေးစဉ်ဆက်မပြတ် တိုးမြှင့်သွားမည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံသမ္မတက ဘီလာရုဇ်သမ္မတနှင့် အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်ပါ ပို့ဆောင်ခဲ့သည်။
ဘီလာရုဇ်သမ္မတ ဦးဆောင်သောအဖွဲ့သည် မနေ့ညပိုင်းတွင်ပင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန် လည်ထွက်ခွာသွားခဲ့ရာ လေဆိပ်တွင် ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် သံအမတ်ကြီးများ၊ တာဝန်ရှိသူများက ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN